The Harvard Classics

Posted: Sunday, August 23, 2009 | Posted by minn | Labels: , 0 comments

The Harvard Classics ဆိုတာ အတွဲပေါင်း ၅၁တွဲ ပါဝင်တဲ့ ကမ္ဘာ့ ဂန္ထဝင်စာပေတွေ ကိုစုစည်းထားတဲ့ စာအုပ်စာရင်းပါ။ ၁၉၀၉ မှာ Harvard တက္ကသိုလ်ရဲ့ ဥက္ကဌ Dr Charles W. Eliot က စတင် ထုတ်ဝေခဲ့တာပါ။ ဒါကြောင့် Dr. Eliot's Five Foot Shelve လို့ မူလက ခေါ်တွင်ပါတယ်။ သူရဲ့ မိန့်ခွန်းတွေမှာလည်း ဆရာကြီးက အဲဒီစာအုပ်တွေနဲ့ပက်သတ်ပြီး "Liberal Education(ဝိဇ္ဇာ) ရဲ့ အဓိက အနှစ်သာရတွေကို ၅ ပေအမြင့် စာအုပ်စင်မှာ တင်ထားတဲ့ The Harvard Classics ထဲမှ စာအုပ်တွေကို တစ်နေ့ ၁၅ မိနစ်မျှ နေ့စဉ် ဖတ်ယုံဖြင့် ရရှိနိုင်ပါသည်" လို့ ပြောကြားခဲ့ပါတယ်။
နောက်ပိုင်း ရသ စာပေကြိုက်သူအတွက် စုစည်းထားတဲ့ အတွဲ ၂၀ ပါ The Harvard Classic Shelf Of Fiction စာအုပ် စာရင်းပါ ထုတ်ဝေခဲ့ပါတယ်။
အဲဒါတွေအားလုံးကို ကျနော်တို့တွေ အနေနဲ့ ယခုအခါ အင်တာနက် ရှိရုံဖြင့် အခမဲ့ ဖတ်ရှူနိုင်ပါပြီ။
http://www.bartleby.com/hc/
The Harvard Classics Volumes တွေကို အထက်ပါ အင်တာနက် စာမျက်နှာမှာ စုံလင်စွာ အခမဲ့ဖတ်ရှူ့လို့ရပါတယ်။
ကိုးကား။ ။ wikipedia၊ myanmarcupid.net

ဝိရောဓိ

Posted: Sunday, August 16, 2009 | Posted by minn | Labels: 0 comments

ဒီဘလော့ လိပ်စာကို ကျနော် ဝိရောဓိ၂၁ ဆိုပြီးပေးထားပါတယ်။ လေးဖြူ ရဲ့ ဝိရောဓိ သီချင်းကို ကြိုက်လွန်းလို့ပါ။
အဲဒီသီချင်းက psychedelic rock ပုံစံ သီဆို တီးခတ် ထားတာ ထင်တယ်။ psychedelic rock ဆိုတာ ၁၉၆၀ ပိုင်းတွေ မှာစတင်ခဲ့တဲ့ rock ကနေဆင်းသက်လာတဲ့ ဂီတ ပုံစံတစ်ခု ဖြစ်တယ်။ အဲဒီ အမျိုးအစား သီချင်းတွေက သီချင်းရေးစပ်သူရဲ့ မူးယစ်ဆေးဝါး (သို့) စိတ်ကိုပြောင်းလည်းစေသော ဆေးဝါး သုံးခဲ့တဲ့ အတွေ့အကြုံကို ပြန်ပြောပြတဲ့ ပုံစံတွေဖြစ်တယ်။ ဝိရောဓိကို ကျနော် ခံစားမိသလောက်တော့ လူတစ်ယောက်က ဆေးသုံးပြီး ကောင်းနေတဲ့ အကြောင်းပဲဗျ။ စာသားတွေကို နားထောင်ရင် သိသာတယ်။ "ပေါ့ပါးစွာပျံဝဲလိုက်" "ငါ့စိတ်ပျံလွှင့်နေတယ်" "ပြန်ပြီးကြည်လင်သွားလိုက်" "ပြန်လေးလံထုံထိုင်းလိုက်" စတဲ့ စာသားတွေက သက်သေပြနေပါတယ်။
တေးရေး မောင်မောင်ဇော်လတ်က ဒီလို သီချင်းပုံစံတွေ အရင်ကလည်း ရေးဖူးတယ်။ ဒီသီချင်းကို ပိုမိုအသက်ဝင်စေတာက စောင်းပြား ပါဝင်မှူပဲ။ ဆိုလို ကိုလည်း စောင်းပြားနဲ့ပဲ တီးသွားတယ်။
တစ်ပွေတည်း ထောင့်တစ်ထောင့်မှာ ထိုင်နားထောင်ကြည့်ရင် ဖီးလ်တွေ ရေလည်ဝင်လာစေတဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။

ကျောင်းဖွင့်တော့မည်

Posted: | Posted by minn | Labels: 0 comments

လကုန်ရင် ကောလိပ် ပြန်ဖွင့်ပြီ။ မြန်မြန်ပြီးချင် ဇောနဲ့ ယူနစ်တွေ ပထမ တစ်ခါကထက် များအောင် ယူထား သေးတယ်။ ဖြစ်အောင် လုပ်ရတော့မှာပဲ။ ငါရန်ကုန်မှာ နေတုန်းကလည်း အချိန်တွေ အများကြီး ဖြုန်းခဲ့ပြီးပြီပဲ။ အခုတစ်ခါ ဘုရားသခင်က ဒုတိယအကြိမ် အခွင့်အရေး ပေးတုန်း အောင်မြင်အောင် လုပ်ရတော့မယ်။
I can do it!!!!!!!!! Yes, I can!!!!!!!!!!

မင်္ဂလာပါ

Posted: Saturday, August 15, 2009 | Posted by minn | 0 comments

အားလုံးပဲ မင်္ဂလာပါ။ ပထမဆုံး ပိုစ့် စတင်လိုက်ပါတယ်။